ကျွန်ုပ်တို့၏ ဘလော့ဂ်သည် ကြော်ငြာများ လုံးဝမပါဝင်ဘဲ ဘလော့ဂ်ထဲ ဝင်ရောက်ကြည့်ရှုသူအပေါင်း သုတ၊ရသ အကျိုးများရရှိရန်သက်သက်သာ ဖြစ်သည်။

Tuesday, January 11, 2022

Encanto ( 2021 )

 Walt Disney ရဲ့ ​​နောက်ထပ်မင်းသမီးတစ်ပါး ထပ်​ပေါ်ထွက်လာမယ့် Encanto ဇာတ်ကား​လေးထွက်လာပါပြီ၊
Disneyကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ် Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊
ဒါ​ကြောင့်မာဒရီဂယ် မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ
ရှိပါတယ်၊ မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊
တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊ သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ


File size… (4.6GB)
Quality…. WebRip 1080p
Format… mp4
Duration….01:42:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thit San Khant
Translated by…Mr. Anderson & JimX


1 comment: