ကျွန်ုပ်တို့၏ ဘလော့ဂ်သည် ကြော်ငြာများ လုံးဝမပါဝင်ဘဲ ဘလော့ဂ်ထဲ ဝင်ရောက်ကြည့်ရှုသူအပေါင်း သုတ၊ရသ အကျိုးများရရှိရန်သက်သက်သာ ဖြစ်သည်။

Sunday, January 30, 2022

Facebook လူမှုစံနှုန်းများ

Facebook လူမှုစံနှုန်းများ

Facebook လူမှုစံနှုန်းများတွင် Facebook အက်ပ်၌ ခွင့်ပြုထားသည့် အရာများနှင့် ခွင့်ပြုမထားသည့် အရာများကို ဖော်ပြထားသည်။



မိတ်ဆက်

အသုံးပြုသူများသည် နေ့စဉ်နေ့တိုင်း ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေရန်၊ သူငယ်ချင်းများနှင့် မိသားစုနှင့် ဆက်သွယ်ရန်နှင့် လူမှုအဖွဲ့အစည်းများ တည်ဆောက်ရန် Facebook ကို အသုံးပြုကြသည်။ ၎င်းသည် ၂ ဘီလီယံကျော်ရှိသည့် လူများအတွက် နိုင်ငံများ၊ ယဉ်ကျေးမှုများ အားလုံးတွင် ဘာသာစကားပေါင်းများစွာဖြင့် ၎င်းတို့ကိုယ်တိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်စေသည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။

လူအများအနေဖြင့် ပိုမိုဆက်သွယ်ဆောင်ရွက်နိုင်သည့် နေရာတစ်ခုအဖြစ် ခံစားမိစေရန်မှာ Facebook အတွက် မည်မျှအရေးပါကြောင်း Facebook ကုမ္ပဏီက သိရှိနားလည်ပြီး ကျွန်ုပ်တို့သည် ဝန်ဆောင်မှုတွင် အနိုင်ကျင့်စော်ကားမှုကို ဖယ်ရှားရန်အတွက် ကျွန်ုပ်တို့အား ခွဲဝေပေးထားသော တာဝန်များကို အလေးအနက်ထား လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့က Facebook ပေါ်တွင် ခွင့်ပြုထားသည့်အရာများနှင့် ခွင့်ပြုမထားသည့် အရာများအတွက် စံနှုန်းများကို ဖန်တီးထားခြင်းဖြစ်သည်။

ဤစံနှုန်းများကို လူအများ၏ တုံ့ပြန်ချက်အပြင် နည်းပညာ၊ လူထုဘေးကင်းလုံခြုံရေးနှင့် လူ့အခွင့်အရေးကဲ့သို့ နယ်ပယ်များရှိ ကျွမ်းကျင်ပညာရှင်၏ အကြံဉာဏ်အပေါ် အခြေပြုထားသည်။ လူတိုင်း၏ ထုတ်ဖော်ပြောဆိုမှုကို တန်ဖိုးထားကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် တစ်နည်းနည်းဖြင့် လျစ်လျူရှုခံထားရသည့် သို့မဟုတ် ဖယ်ကျဉ်ခံထားရသည့် လူများနှင့် လူမှုအဖွဲ့အစည်းများထံမှ ကွဲပြားသည့် အမြင်များနှင့် ထင်မြင်ယူဆချက်များ အထူးသဖြင့် ပါဝင်သည့် စံနှုန်းများကို ဖန်တီးရန် အထူးဂရုပြု ဆောင်ရွက်ပါသည်။



အမေရိကန်ပြည်ထောင်စု အင်္ဂလိပ်ဗားရှင်းဖြစ်သည့် လူမှုစံနှုန်းများသည် နောက်ဆုံးထုတ်ပြန်ထားသည့် မူဝါဒများကို ဖော်ပြထားကြောင်းနှင့် ၎င်းကို master စာဖိုင်အဖြစ် အသုံးပြုသင့်ကြောင်း မှတ်သားထားပါ။


ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်

ကျွန်ုပ်တို့ လူမှုစံနှုန်းများ၏ ရည်မှန်းချက်မှာ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ရန်နှင့် ထုတ်ဖော်ပြောဆိုခွင့်ကို ပေးစွမ်းရန်အတွက် နေရာတစ်ခု ဖန်တီးရန်ဖြစ်သည်။ Facebook ကုမ္ပဏီသည် အချို့ကိစ္စရပ်များမှာ သဘောမတူညီနိုင်သည့် သို့မဟုတ် ကန့်ကွက်မှုများ ရှိနိုင်သည့်တိုင်အောင် လူအများအား ၎င်းတို့အတွက် အရေးကြီးသည့် ကိစ္စရပ်များကို ပွင့်လင်းစွာ ပြောဆိုနိုင်စေလိုသည်။ အချို့ဖြစ်စဉ်များတွင် သတင်းဖြစ်လောက်ပြီး လူထုအကျိုးစီးပွားအတွက် ဖြစ်ပါက ကျွန်ုပ်တို့၏ စံနှုန်းများကို တစ်နည်းနည်းဖြင့် ချိုးဖောက်သည့် အကြောင်းအရာကို ခွင့်ပြုပေးပါသည်။ ဤဆုံးဖြတ်ချက်များကို ချမှတ်ရန်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို ကြည့်၍ လူထုအကျိုးစီးပွား တန်ဖိုးနှင့် အန္တရာယ်ဖြစ်နိုင်ခြေတို့ကို ချိန်ဆပြီးမှသာ ယင်းကို ကျွန်ုပ်တို့ လုပ်ဆောင်ပါသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်မှာ ပဓာနကျသော်လည်း အင်တာနက်သည် အလွဲသုံးစားပြုလုပ်နိုင်စေရန် များပြားလှသော အခွင့်အရေးသစ်များကို ဖန်တီးပေးနေကြောင်းကိုလည်း သိရှိပါသည်။ ဤသို့သော အကြောင်းရင်းများအတွက် ထုတ်ဖော်ပြောဆိုမှုကို ကျွန်ုပ်တို့ ကန့်သတ်လိုက်သည့်အခါ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အောက်ပါတန်ဖိုးများအပေါ် မူတည်၍ ဆောင်ရွက်ပါသည် -
စစ်မှန်မှု

ကျွန်ုပ်တို့သည် Facebook ပေါ်တွင် လူအများ မြင်တွေ့နေရသည့် အကြောင်းအရာများကို စစ်မှန်မှုရှိစေလိုသည်။ စစ်မှန်မှုသည် မျှဝေရန်အတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးကြောင်း ကျွန်ုပ်တို့ ယုံကြည်ပြီး ထို့ကြောင့်ပင် ကျွန်ုပ်တို့သည် လူများအနေဖြင့် ၎င်းတို့ မည်သူဖြစ်သည် သို့မဟုတ် မည်သည်တို့ လုပ်ကိုင်နေသည်ကို လွဲမှားဖော်ပြ၍ Facebook အသုံးပြုခြင်းကို မလိုလားခြင်းပင်ဖြစ်သည်။
ဘေးကင်းလုံခြုံရေး

ကျွန်ုပ်တို့သည် Facebook ကို ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် လုပ်ဆောင်ရန် သန္နိဋ္ဌာန် ချထားသည်။ လူထုကို ခြိမ်းခြောက်သည့် အကြောင်းအရာသည် အခြားသူများကို ခြိမ်းခြောက်ရန်၊ ဘေးဖယ်ထုတ်ရန် သို့မဟုတ် နှုတ်ဆိတ်နေရန်တို့ ဖြစ်စေနိုင်သောကြောင့် ၎င်းအကြောင်းအရာကို Facebook ပေါ်တွင် ခွင့်မပြုပါ။
ကိုယ်ရေးလုံခြုံမှု

ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် အချက်အလက်များကို ကာကွယ်ရန် သန္နိဋ္ဌာန် ချထားပါသည်။ ကိုယ်ရေးလုံခြုံမှုရှိလျှင် လူအများအနေဖြင့် လွတ်လပ်စွာ ပြုမူနိုင်ပြီး Facebook ပေါ်တွင် မျှဝေမည့်နည်းလမ်းနှင့် မျှဝေရန် အချိန်တို့ကို ရွေးနိုင်စေကာ ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်စေသည်။
ဂုဏ်သိက္ခာ

လူများအားလုံးတွင် တူညီသော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ လူများသည် အခြားသူများ၏ ဂုဏ်သိက္ခာကို လေးစားပြီး အခြားသူများကို နှောင့်ယှက်တိုက်ခိုက်ခြင်း သို့မဟုတ် သိက္ခာချခြင်း ပြုလုပ်လိမ့်မည်မဟုတ်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။


လူမှုအဖွဲ့အစည်း စံနှုန်းများ

ကျွန်ုပ်တို့၏ လူမှုစံနှုန်းများသည် လူတိုင်း၊ ကမ္ဘာတစ်ဝှမ်းလုံးနှင့် အကြောင်းအရာ အမျိုးအစားအားလုံးအပေါ် သက်ရောက်ပါသည်။

ကျွန်ုပ်တို့၏ လူမှုစံနှုန်းများအကြောင်း ကဏ္ဍအသီးသီးကို မူဝါဒဆိုင်ရာ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြထားသော "မူဝါဒဆိုင်ရာ သဘောတရားများ" ဖြင့် စတင်ထားပြီး နောက်ပိုင်းတွင် အောက်ပါ မူဝါဒအကြောင်းအရာများကို တိတိကျကျ ထည့်သွင်းဖော်ပြပေးထားသည်-

ခွင့်ပြုမထားသော အကြောင်းအရာနှင့်

စည်းမျဉ်းသက်ရောက်ရန် ထပ်ဆောင်း အချက်အလက် သို့မဟုတ် ဆက်စပ်အခြေအနေ လိုအပ်သော အကြောင်းအရာ၊ သတိပေး မျက်နှာပြင်ဖြင့် ခွင့်ပြုထားသော အကြောင်းအရာ သို့မဟုတ် ခွင့်ပြုထားသော်လည်း အသက် ၁၈ နှစ်နှင့် အထက်သာ ကြည့်ရှုနိုင်သည့် အကြောင်းအရာ။

အကြမ်းဖက်မှုနှင့် ပြစ်မှုဆိုင်ရာ အပြုအမူ
ဘေးကင်းလုံခြုံရေး
သေကြောင်းကြံစည်မှုနှင့် မိမိကိုယ်ကို နာကျင်စေမှုကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အနိုင်ကျင့်စော်ကားမှုနှင့် အဖော်အချွတ်အရွယ်ရောက်ပြီးသူအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းအနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းလူကုန်ကူးမှုကိုယ်ရေးလုံခြုံမှုဆိုင်ရာ ချိုးဖောက်မှုများ
ကန့်ကွက်နိုင်သော အကြောင်းအရာ
ဂုဏ်သိက္ခာနှင့် စစ်မှန်မှု
ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို လေးစားခြင်း
အကြောင်းအရာဆိုင်ရာ တောင်းဆိုမှုများနှင့် ဆုံးဖြတ်ချက်များ

0 comments:

Post a Comment