ကျွန်ုပ်တို့၏ ဘလော့ဂ်သည် ကြော်ငြာများ လုံးဝမပါဝင်ဘဲ ဘလော့ဂ်ထဲ ဝင်ရောက်ကြည့်ရှုသူအပေါင်း သုတ၊ရသ အကျိုးများရရှိရန်သက်သက်သာ ဖြစ်သည်။

Friday, January 7, 2022

ငြင်းကြမှာလား

ခုတလော မြင်မိတာလေး....

လူတွေ အကုန်လုံးက ကိုယ်တွေးတာကိုတော့
အမှန်တွေချည်းလို့ ထင်ကြတဲ့သူတွေချည်းပဲဟလို့
သတိထားမိတယ်

ဘာသာရေး group တွေမှာလည်း ငြင်းနေကြတာပဲ
နိုင်ငံရေး အယူအဆ ၊ စီးပွါးရေး အယူအဆ ၊ အဆုံးစွန် ဖိလစ်ပိုင်မော်ဒယ်လေး ကိစ္စထိ ငြင်းခုန်နေကြ...

ကာလာမ သုတ်ကို မနေ့က ပြန်ရှာဖတ်တော့
"ကိုယ့်ရဲ့ Logic/ Reasoning နဲ့ တစ်ခုခုကို ဟုတ်လှပြီ မှန်လှပြီနဲ့ မဆုံးဖြတ်နဲ့ "တဲ့ ၊ သဘောကျလို့ ပြုံးမိတယ်

ဗုဒ္ဓက ဒီနေ့ စိတ်ပညာရှင်တွေ အကြိမ်ကြိမ် research လုပ်ပြီး သိလာတဲ့အရာကို ဟိုးတုန်းကတည်းက ပြောခဲ့တာပဲလို့

အောက်စဖို့ဒ် တက်တဲ့ ကျောင်းသားနဲ့ ရိုးရိုးကျောင်းသူ/သားလည်း ဒီ logic / reasoning စမ်းသပ်မှုတွေမှာ လယ်ဗယ်တူထွက်တာပဲ

လူတွေရဲ့ logic/ reasoning က ဦးဏှောက်ရဲ့ အရှေ့ပိုင်း prefrontal cortex က လာတယ်တဲ့၊

ကျနော်တို့ ဘဝမှာ အရေးကြီးဆုံးဆိုတဲ့အရာတွေဟာ ဦးဏှောက်ထဲက လာတယ်။

အဲ့ဒါတွေက လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အတွေးအခေါ်၊ ယုံကြည်မှု နဲ့ ခံစားချက်၊ ကိုယ်ရည်ကိုယ်သွေးတွေ ဖြစ်နေတတ်တယ်....

အဲ့ဒီတော့ အဲ့ဒီ ဦးဏှောက်က ခန္ဓာကိုယ် တစ်ခုလုံးမှာ အရေးကြီးဆုံးအပိုင်းပဲ

သမိုင်းတစ်လျောက် အဲ့ဒီ ခေါင်းတွေထဲက လာတဲ့ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ယုံကြည်မှု၊ အယူအဆတွေကြောင့် သွေးစီးခဲ့ရဖူးပြီ

ဒါပေမယ့် ဘယ်လောက်ကြိုးစား ကြိုးစား လူတွေမှာ အသိညဏ်ပညာ/ intellectually ကန့်သက်ချက်တွေ ရှိတယ်။

တွေးခေါ်မှုတွေဟာ deceiving လှည့်စား တတ်တယ်၊ ဘက်လိုက်မှုတွေ၊ အယူအဆ အမှားတွေ ၊ မသိစိတ်ထဲက ပုံသွင်းခံထားရတာတွေ ရှိတယ်

Ego ပါ ပေါင်းထည့်လိုက်တော့ ကိုယ့် အတွေး ပူဖောင်းကိုယ်စီနဲ့ ကိုယ် မှန်တယ် ထင်ရာအတွက် တိုက်ခိုက်
တတ်ကြသူတွေ ဖြစ်လာတယ်၊

ဒါကြောင့် "Free Thinker လွတ်လပ်စွာ တွေးခေါ်တတ်သူ "ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ စိတ်ပညာရှင်တွေက ငြင်းတယ်။

ဒီကြားထဲ social platforms တွေက တူရာစုပေး၊ မီးထိုးပေးတာ့ အုံကြွမှုတွေထိ ဖြစ်ကုန်တော့တာပဲ။

ကမ္ဘာကြီး အကုန် မီးလောင် ပြာကျ သွားတဲ့အထိ
လည်း လူတွေက သူတို့မှန်တယ်လို့ ထင်နေကြမှာပဲ

"-ကွေကာကို ကိုယ့်အတွေးနဲ့ကိုယ် သောက်ကြသည် "ဆိုသလိုပဲ ဘဝတစ်ခုကို ကိုယ့်အတွေးနဲ့ကိုယ် ဟုတ်လှပြီ မှန်လှပြီ နဲ့ ဖြတ်သန်းနေကြရင်း ဝင်တိုက်မိကုန်ကြတယ်။

ဒါက အောက်ခြေကနေ ဟိုးထိပ်ဆုံးထိပဲ

စာတွေဖတ်ရင်းနဲ့ သိပ္ပံ ပညာရှင်တွေလည်း ငြင်းခုန်နေကြတာပဲ လို့ တွေ့လာမိပြန်တာပဲ

သူကတော့ တော်တယ်၊ ကမ္ဘာကျော်တယ်၊ ဩဇာ အာဏာရှိတယ် လို့ဆိုတိုင်းလည်း သီအိုရီ အမှားတွေ မထုတ်ဘူးလို့ မပြောနိုင်ဘူး၊

သိပ္ပံစိတ်ပညာမှာ "argument from authority " ဆိုတာလေးရှိတယ်၊

အမှန်တရားကို လူမှုအသိုက်အဝန်းရဲ့ ဩဇာအာဏာ ရှိတဲ့ ကျော်ကြားသူတွေ က မလွှမ်းမိုးနိုင်အောင် သူတို့ ပြောတာတွေကို မေးခွန်းထုတ်သင့်တယ် ဆိုတဲ့ အယူအဆ လေးပဲ။

အိုင်းစတိုင်းမို့လို့လဲ အမြဲမမှန်ဘူး

ဒါဆို အမှန်တရားကို ဘယ်လို သွားမလဲဆိုရင်
လက်တွေ့စမ်းသပ်..
အကြိမ်ကြိမ် အခါခါ ဒီ အဖြေထွက်...
ကောင်းခြင်းဆိုခြင်း မှန်ခြင်းမှားခြင်း သိသိသာသာ ထွက်ပေါ်လာတာမှပဲ အမှန်တရားပါပဲ။

ဒါတောင် အချို့လူတွေက သူတို့ ရဲ့ logic တွေ၊ လိုချင်မှုတွေ နဲ့ မတူရင် လက်ခံမှာမဟုတ်ဘူး၊
ဒါပေမယ့် အမှန်တရားက အမှန်တရားပဲ

နိုင်ငံရေး/ ဘာသာရေး ငြင်းခုန်မှုတွေ အချို့က ဘာမှ လက်ဆုပ်လက်ကိုင် ပြလို့ရတဲ့ အရာတွေ မဟုတ်နေဘူး။

ပြလို့ရတဲ့ဟာတွေလည်း ပြစရာ မရှိဘူး။

ဆိုလိုတာက research လုပ်ထားတဲ့ စာတမ်း၊ စမ်းသပ်ထားတဲ့ lab result ဆိုတာမျိုး၊ စာရင်းဇယားတွေဆိုတာမျိုး ခိုင်မာ ယုံကြည်ရလောက်အောင်
မရှိနေဘူး။

လက်တွေ့မစမ်းသပ်ပဲ/ facts တွေ/ data တွေ / research တွေ မပါပဲ ငြင်းနေရတဲ့အငြင်းအခုန်မျိုးဆိုရင်တော့ ရှောင်ထွက်တာ ကောင်းပါတယ်

ကျနော်လည်း မှားနိုင်တယ်၊ ခဗျားလည်း မှားနိုင်တယ်

ကျနော်တို့က လောကကြီးကို ကိုယ်ပိုင် filter တွေနဲ့ မျက်မှန်ကိုယ်စီနဲ့ကြည့်နေကြတာ။

အဲ့လို အငြင်းအခုန်မျိုးက မျက်မမြင်ပုဏ္ဏား ဆင်စမ်းသလို အချို့က ယပ်တောင်ကြိးလို့ ကောက်ချက်ချထားပြီး အချို့က တိုင်လုံးကြီးလို့ ကောက်ချက်ချကြမှာ မလွဲမသွေမို့ပဲ

အဲ့ဒီအစား မျက်စိ နည်းနည်း မြင်အောင်ကြိုးစား ပြီး သူတို့ကို ထိုင်ရယ်နေရတာက အရသာ ပိုရှိပါလိမ့််
မယ်

"အကန်းတွေကြားထဲမှာ တစ်ဖက်ကန်းက ဘုရင်ပဲ "တဲ့

Credit > swann

0 comments:

Post a Comment