Spiritual Religion & Spiritual Science
ခင်မင်တဲ့ မိတ်ဆွေ တယောက်ရေးတဲ့ ပို့စ်လေး ဖတ်ရင်း စိတ်ထဲမှာ ဝေဖန်ဆန်းစစ်မှုတွေလုပ်ကြည့်မိတယ်
discernment ပေါ့နော် ..
ဗုဒ္ဓဝါဒကလည်း အသိဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပိုင်းခြားပြီးမှ လက်ခံယူသည့် အယူဝါဒပဲဆိုတော့လေ ..
ကိုယ့်အမြင်တော့ ခုခေတ်လူငယ်တွေ မိရိုးဖလာ ဘာသာရေးကို စိတ်ကုန်လာကြတာ သူတို့ အမှားမဟုတ်ပါဘူး
အချိန်ကာလကိုက Great Conjunction အရ အဟောင်းတွေ ကို စွန့်ခွါပြီး အသစ်တွေ ကို ရှာဖွေလာကြမယ့် ကာလလို့ ဆိုတယ် မဟုတ်လား
ဖြစ်သင့်လို့ ဖြစ်လာရတာတွေပဲ ..
ဗုဒ္ဓဘာသာမှ မဟုတ်ဘူး ဘာသာတိုင်းက ဒီလိုပဲ ဖြစ်လာမှာပဲ ..
ဘာသာတိုင်းမှာ Exoteric ဆိုတဲ့ အပေါ်ယံ ကိုးကွယ်ယုံကြည်မှု့တွေ ကနေ
Esoteric ဆိုတဲ့ တကယ် သိ တကယ်နားလည် ပြီး တကယ်ကျင့်ကြံတဲ့ သူတွေ သာ ကျန်တဲ့ အသိုင်းအဝိုင်းမျိုး ဖြစ်လာလိမ့်မယ်
ဗုဒ္ဓဘာသာမှာတော့ ဝိမုတ္တိယုဂ ခေတ်လို့ ပြောကြတဲ့ ကာလပေါ့
ဒီပို့စ်လေးကတော့ မိတ်ဆွေ ရေးတာကို ငြင်းချင်ခုန်ချင်လို့ ရေးတာမဟုတ်ပါဘူး
သူလည်း သူ့ အမြင်ကို သူရေးတာမို့ respect ထားတဲ့ အနေနဲ့ သူ့ ရှု့ထောင့်က မြင်တာ ဒီလိုရှိပါလားလို့ လက်ခံပါတယ်
အခုရေးတာကလည်း ကိုယ့်ရှု့ထောင့်က ကိုယ့်အမြင်လေးကို ပြောပြခြင်းသာဖြစ်ပါတယ်
ဘာသာရေးဆိုတဲ့ Religion ခေါင်းစဉ်အောက်မှာသာ သူ့ဘာသာ ငါ့ဘာသာ ကွဲပြားနေကြတာ
တကယ်တော့ လောကသား အားလုံးအတွက် အမြဲ ထာဝရ မှန်တဲ့ အမှန်တရား ဖြစ်တဲ့ သစ္စာတရားကတော့ အားလုံးအတွက် အတူတူပါပဲ ..
အားလုံးဟာ အို နာ သေ ..ဒီလမ်းကိုပဲ ဦးတည်သွားနေကြတာပါပဲ
ကိုယ်တိုင်လည်း မိရိုးဖလာ ဘာသာရေးကို စိတ်ကုန်ခဲ့တယ်
ဟိုးနှစ်တွေက မျိုးချစ် ဘုန်းကြီးတွေ ကောင်းမှု့နဲ့ ဘုန်းကြီးတွေ နဲ့ ပတ်ရန်ဖြစ်ပြီး မြန်မာဘုန်းကြီး ဆို ဝေးဝေးရှောင်မိတဲ့ အထိ ဖြစ်ကုန်တယ် .. စာတွေ လည်း အရမ်းဖတ်ထားမိတော့ ရှယ်တွေ ဝေဖန် ( ဝေဘင် ) တာပေါ့ 😊
စိတ်ကုန်လာရင် စွန့် လွှတ်ဖို့ လည်း သတ္တိရှိခဲ့တယ် ..
ဘာကို မှ ဆုပ်ကိုင်မထားပဲ ကိုယ်သိချင်တာတွေကို ရှာဖွေဖို့ အလုပ်တွေလည်း အများကြီးလုပ်ခဲ့တယ်
ဘယ်သူပြောတာကိုမှ ဒီအတိုင်းလက်ခံလိုက်တာမျိုးမဟုတ်ပဲ
ဝေဖန်ပိုင်းခြားပြီးမှ လက်ခံသင့်တာကို လက်ခံပြီး ပယ်သင့်တာကို ပယ်ခဲ့တယ်
အဲဒီမှာ perennialism and perennial wisdom ကို စိတ်ဝင်တစားလေ့လာရင်း တကယ့်အရှိတရား ဖြစ်တဲ့ သစ္စာတရားတွေကို နားလည်သွားပြန်တယ်
အဲလို နားလည်သွားတော့ သစ္စာ တရားတွေအကြောင်းကို ပြောပြသင်ပေးတဲ့ ဗုဒ္ဓ ရဲ့ ကျေးဇူးတွေ ကို သိမြင်လာခဲ့တယ်
သဘာဝတရားကြီးကို အရှိအတိုင်းနားလည်သွားတဲ့ အခါ ပညတ်နဲ့ ပရမတ်က လုံးဝကို ကွဲပြားသွားတယ်
အဲလို ကွဲပြားနားလည်သွားတဲ့ အခါ Jesus ရဲ့ စကားကိုလည်း နားလည်လာတယ်
အစ္စလာမ်က သင်ကြားပေးနေတာတွေကိုလည်း နားလည်သွားတယ် ..
အားလုံးက ပြောပြသင်ပေးနေတာတွေက တကယ်တော့ Spirituality ပဲ
ဒါပေမယ့် သူတို့ ပြောခဲ့တဲ့ စကားတွေ သင်ကြားပေးမှု့တွေကို လူတွေက ဘာသာပြန်တာ မှားခဲ့ကြတယ်
အဓိပ္ပါယ်ကောက်တာ လွဲခဲ့ကြတယ် ..
ဘာဖြစ်လို့လဲ ဆိုတော့ ပရမတ်တရားဆိုတဲ့ တကယ့် အရှိတရားကြီးမှာက စကားလုံးတွေ မရှိဘူး
လူတွေ သတ်မှတ်နာမည်ပေးထားတဲ့ ပညတ်နယ်ကစကားလုံးတွေနဲ့ ပြောဆိုနေကြလို့ တယောက်တမျိုးဖြစ်နေတာ
အဲဒီမှာ လူတွေရဲ့ Ego Mind ကြောင့် သူ့ဘာသာ ငါ့ဘာသာ တွေ ငြင်းကြခုန်ကြ
ဘာသာရေးခေါင်းဆောင်တွေဆိုတာလည်း Ego Mind နဲ့ ပဲ ဆိုတော့ ငါယုံကြည်တာမှ ပိုမြင့်မြတ်တယ်ထင်ကုန်ကြတာကနေ ပြဿနာတွေက စတာပဲ ..
နောက်ပြီး နတ်ပြည် နဂါးပြည် ဆိုတာတွေ ရှိမရှိ ဆိုတာတွေကတော့
ကိုယ်လည်း အစက ယုံတာလိုလို မယုံတာလိုလိုတွေဖြစ်ခဲ့ဖူးတယ်
အဲဒီတော့ ကိုယ့်ကိုယ်ကို မေးခွန်းပြန်မေးကြည့်တာပေါ့
ကိုယ်က Dimension ဘယ်နှစ်ခုလောက်ကို မြင်နိုင်စွမ်းရှိလဲ ဆိုတာ
တကယ်လို့ ကိုယ်က 3rd Dimension လောက်ပဲ မြင်နိုင်မယ်ဆိုရင်တော့
တခြား Dimension က အရာတွေကို မမြင်နိုင်တာက ကိုယ့် ကိစ္စဖြစ်သွားပြီလေ ..
သိပ္ပံသမားတွေ ကိုယ်တိုင်က Consciousness map နဲ့ အဖြေထုတ်ပေးခဲ့ပြီးသားပဲ
ဦးနှောက်က ထုတ်တဲ့ လှိုင်းတွေက ဒီခေတ်မှာ စက်နဲ့ တိုင်းကြည့်လို့ ရနေပြီပဲဟာ
ကိုယ့်ရဲ့ Consciousness level က ဘယ်အခြေအနေမှာ ဖြစ်နေလဲ ပေါ်မူတည်ပြီး
ကိုယ့်ဦးနှောက်က လှိုင်းလွှတ်တာ မတူရင် ကိုယ့်ရဲ့ မြင်နိုင်စွမ်းလည်း မတူပါဘူး
ချောကတော့ လက်တွေ့သမား .. မြင်ဖူးချင်လို့ ကြိုးစားလေ့ကျင့်တယ်
ကိုယ်မြင်ချင်တာကို ကိုယ်တိုင်မြင်ဖူးတော့လည်း ယုံကြည်လက်ခံသွားတာပေါ့
အဲဒီမှာ ဂရိဒဏ္ဍာရီ က ပြောတဲ့ အိုလံပီယပ်စ်တောင် ဆိုတာ မြင့်မိုရ်တောင် ပဲဆိုတာရယ်
ဇုနတ်မင်းဆိုတာရယ် Indra ရယ် စက္ကရ or စက္က ဆိုတဲ့ သိကြားမင်း ဆိုတာက
တယောက်ထဲကို နာမည်အမျိုးမျိုး နဲ့ ခေါ်နေကြတာကို သိလိုက်ရတယ်
သိကြားမင်းကို ကိုယ်တွေပဲ သိဖူးကြားဖူးတာမဟုတ်ပါဘူး
တာဝတိံသာကို Higher Consciousness level ကနေ အလည်ရောက်ဖူးတဲ့ သိပ္ပံသမားလည်းရှိပါ့
ဂျပန်က နာမည်ကြီး Dragon Ball ရုပ်ပြတို့ ဘာတို့ မှာလည်း Mt Sumeru ဆိုတာ မြင့်မိုရ် တောင်ကိုပဲ ပြောထားပြီး သစ်ပင် ၃၂ ပင် ကလည်း တာဝတိံသာက နတ်မင်း ၃၃ ပါး ( သိကြားမင်းကတော့ နန်းတော်နဲ့ မို့ ) ကို ရည်ညွှန်းတာပါပဲ
ယူတို့တွေ ကစားကြတဲ့ Super Mario Bros 3 မှာတောင် Sky Land မှာ Coins တွေ ယူတဲ့ အခါ 33 coins ဆိုပြီးတောင် ရှိသေး …
( ဒါက ကြုံလို့ ပြောပြတာပါ ..ယုံချင်ယုံ မယုံချင်နေ မြင့်မိုရ်တောင် အဖြစ်အပျက်လေး ပေါ့နော် ..
မြေဇင်းနည်းနဲ့ အားထုတ်ဖူးတဲ့ သူတွေကတော့ သိကြ မြင်ဖူးကြပါတယ် .. ဒါတွေက စိတ်ကူးနဲ့ မှန်းဆမြင်ယောင်တာတွေ မဟုတ် ပဲ လက်တွေ့ရောက်သွားပြီး သိမြင်ခဲ့ကြတယ်ဆိုတာကတော့ ပြောမယုံ ကြုံမှ သိမို့ သိချင်ရင် မြင်နိုင်အောင် လေ့ကျင့်ဖို့ ကလွဲပြီး ဘာမှ မပြောလိုပါ )
အဲဒါတွေ အားလုံးကို တကယ်သိချင် မြင်ချင်ရင် သမာဓိ ဆိုတာလေး နဲ့ ရှိလာရင် သိနိုင်မြင်နိုင်ပါတယ်
သမာဓိ ဆိုတာ ဘာကြီးလဲ လို့ မေးရင် သမာဓိ ဆိုတာ ဘာကြီးပါလို့ ပြောပြနိုင်တဲ့ ယခုခေတ်စကား မရှိသေးပါဘူးတဲ့
ဒါပေမယ့် ကြိုးစားပြီး ရှင်းပြထားတဲ့ Documentary အပိုင်း ၃ ခု လင့်လေးပေးထားပါမယ်
အချိန်ရရင် ကြည့်ကြည့်ပါ
Samadhi part 1 - Maya : The illusion of the self https://youtu.be/Bw9zSMsKcwk
Samadhi part 2 - It's not what you think https://youtu.be/AQL6qcGqQ0Y
Samadhi part 3 - The pathless path https://youtu.be/Vu-Nw_ea9N4
အဲဒီထဲမှာ ဘာသာတွေ အားလုံးရဲ့ အကြောင်း
တကမ္ဘာလုံးက ဂုရုအပေါင်းရဲ့ ဖလော်တွေ
သိပ္ပံတွေ့ရှိချက်တွေ .. အားလုံးအားလုံး ပြည့်စုံအောင် ပြောပြထားပါတယ်
ကိုယ်တွေကလည်း ကိုယ်ဟောတဲ့ တရား ကိုယ်မကျင့်တဲ့ သူတချို့ပြောတဲ့ ယုံတမ်းပုံပြင်တွေနဲ့ လူဖြစ်ခဲ့ရတာဆိုတော့
Logical thinking နဲ့ တွေးတောအဖြေရှာတော့ အဖြေမတွေ့တဲ့ မေးခွန်းတွေ အများကြီးမှ အများကြီးပါပဲ
တကယ်တော့ အဲဒါတွေအားလုံးရဲ့ အဖြေတွေကအပြင်မှာ ရှာမရပေမယ့် အတွင်းခရီးသွားရင်း အဖြေတွေ တွေ့လာတာကို စိတ်ကျေနပ်မိတယ် ..
တကယ်လို့ သင်ဟာ ပုံပြင်လို ယုံတမ်းတွေကိုလည်း လက်မခံနိုင်ဘူး
သိချင်တာတွေကလည်း ရှိနေတယ်ဆိုရင်
အတွင်းကမ္ဘာ နဲ့ အပြင်ကမ္ဘာဆိုတဲ့ Documentaries တွေကို ကြည့်စေချင်ပါတယ်
Inner worlds , Outer worlds part 1
Akshsa အာကာသ
https://youtu.be/aXuTt7c3Jkg
Inner Worlds , Outer World part 2
The Spiral
https://youtu.be/ZIMoxXO0XvM
Inner worlds , Outer Worlds part 3
The Serpent and the lotus
https://youtu.be/yNEruEsb5T4
Inner Worlds , Outer Worlds part 4
Beyound Thinking
https://youtu.be/qmL4CeTENtw
Aweaken the world
https://awakentheworld.com/
အဖြေတခုခုတော့ ရသွားမှာပါ
ရှေးဟောင်း မာယန်တွေ ပြောခဲ့တဲ့ ၂၀၁၂ ဟာ Doomsday ကမ္ဘာအဟောင်းပျက်ပြီး ကမ္ဘာအသစ် စတင်မယ် ဆိုတာက
အခုခေတ် ပြက္ခဒိန်အရ ၂၀၂၀ လို့ ပြောနေကြတာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ကို ပြန်ကြည့်ရင် နဲနဲတော့ ရိပ်စားမိမှာပါ
တကမ္ဘာလုံး ဗြောင်းဆန်နေတာ ခုထက်ထိတောင် မပြီးသေးဘူး
အဟောင်းတွေပျက်ပြီး အသစ်တွေ ဖြစ်လာမယ်
ဘာသာရေး .. နိုင်ငံရေး .. စီးပွားရေး ..လူမှု့ရေး .. ကျန်းမာရေး .. Life style …
ကဏ္ဍ အစုံမှာ အားလုံးဟာ ပြောင်းလဲ ရမှာပဲ ..
မျက်နှာဖုံးတွေ ကွာကျမယ် ..
တကယ့်အရှိတရား Reality ကြီးကို မြင်ကြရမယ် ..
နာမည်ကြီး ဘုန်းကြီးတွေ အပြောအဆိုခံကြုံနေကြရတာလည်း ကြုံဖို့ အကြောင်းတွေ ရှိလို့ ဖြစ်ပြီး
အားလုံးက ပဌာန်းသဘောတရားအရ အကြောင်းရှိလို့ ဆက်စပ်ပြီး ဖြစ်နေတဲ့ အကျိုးတွေပါပဲ ..
ကမ္ဘာအသစ်မှတော့ ခေတ်စားလာမယ့် စကားလုံးက Spirituality ပဲ ဖြစ်လိမ့်မယ်
ဘာသာရေးနဲ့ ပတ်သက်ရင်လည်း Spiritual Religion ပဲ လူတွေလက်ခံမယ်
သိပ္ပံအကြောင်းပြောလည်း Spiritual Science ကိုပဲ လူတွေ လက်ခံလာကြလိမ့်မယ် ..
Spiritual Science အကြောင်းကိုတော့ ဒီချယ်နယ်လေးမှာ လေ့လာနိုင်ပါတယ်
https://youtube.com/c/TheSpiritScience
အဲဒီမှာ ကိုယ်သိချင်နေတဲ့ အကြောင်းတွေ အများကြီး ကလေးတွေနားလည်အောင် Animation လေးတွေနဲ့ ရှင်းပြထားပါတယ်
ကိုယ်တောင် အရင်က ရူပဗေဒတို့ သင်္ချာ တို့ က သင်ပေးထားတာနဲ့ လောကကြီးကို သိပ်မဆက်စပ်တတ်ခဲ့ဘူး
ဒီချယ်နယ်လေး ကြည့်ရင်း ဆက်စပ်တတ်သွားတယ် ..
ဒါကြောင့် ကိုယ်တိုင်လည်း Spiritual Religion & Spiritual Science ကို အမှန်တကယ် သိနားလည်အောင် လုပ်ထားမှ ကိုယ့်သားသမီးကိုလည်း သင်ပေးလို့ ရမယ် ..
အဲဒါတွေ သေချာသိမှ လာမယ့် ကမ္ဘာကြီးမှာ နေရထိုင်ရတာ အဆင်ပြေမယ့် အကြောင်းလေး စာအရှည်ကြီးရေးလိုက်ရပါတယ် ..
Credit > Chaw Sukhita
Search ?
Popular Posts
-
- You don't need to convert video files to MP4 to play them in your mobile device. nPlayer enable you to play all kinds of video formats...
-
View this post on Instagram Visit Japan: Japan sure does roll out the red carpet come autumn! And what better place to a...
-
Walt Disney ရဲ့ နောက်ထပ်မင်းသမီးတစ်ပါး ထပ်ပေါ်ထွက်လာမယ့် Encanto ဇာတ်ကားလေးထွက်လာပါပြီ၊ Disneyကထွက်တဲ့ animationတွေရဲ့ ထုံးစံအတိုင်း ဇ...
0 comments:
Post a Comment