ကျွန်ုပ်တို့၏ ဘလော့ဂ်သည် ကြော်ငြာများ လုံးဝမပါဝင်ဘဲ ဘလော့ဂ်ထဲ ဝင်ရောက်ကြည့်ရှုသူအပေါင်း သုတ၊ရသ အကျိုးများရရှိရန်သက်သက်သာ ဖြစ်သည်။

Monday, January 17, 2022

သင်ဟာ Empath တစ်ယောက်ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲ?

   

🌹🌿🌼🌺🦋🍁

Empath ဆိုတာ သူတို့ ပတ်ဝန်းကျင်မှာ ရှိသော လူတွေ ရဲ့ အတွေးနဲ့ ခံစားချက် တွေကို အလွယ်တကူ ဖတ်နိုင် သိနိုင်သော စွမ်းရည်များကိုပိုင်ဆိုင်ထားတဲ့ ကောင်းမွန်တဲ့ အသိ သတိ ရှိသော သူများ Highly Sensitive ဖြစ်လွယ်သော သူများပဲ ဖြစ်တယ် လို့ Psychology ကဖော်ပြထားပါတယ်။ Empath တွေရဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာတရား နဲ့ Awareness ရှိမှူ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ 

ပွင့်လင်းမှု နဲ့ ဝမ်းတွင်းခံစားသိမှု တွေက သူတို့ကို တစ်ပါးသူရဲ့ ခံစားချက်တွေကို ကောင်းမွန်စွာ နားထောင်ပေးတတ်သူ ထိထိရောက်ရောက် စကားပြောတတ်သူများဖြစ်စေပါတယ်။ 


Empath မှာလည်း (၆) မျိူးရှိတယ် လို့ဆိုပါတယ်။ သင်ရော ဘယ်လို Empath တစ်ယောက်ပါလဲ?


(1) Emotional Empath 🦋


သူတစ်ပါးရဲ့ခံစားချက်တွေကို အလွယ်တကူ 

နားလည် အလွန်ကိုယ်ချင်းစာပေးတတ်ပါတယ်။ အဲ့ဒီအပြင်ကိုမှ သူတို့ကိုယ်တိုင်ဖြစ်နေသလို ဝင်ခံစားပေးတတ်သောကြောင့် Energy ကိုစုပ်ယူသလိုဖြစ်သွားပြီး အလွန်စိတ်ပင်ပန်းရတတ်ပါတယ်။ ပတ်ဝန်း​ကျင်ကလူတွေရဲ့ Energies နဲ့ Emotions တွေရဲ့လွှမ်းမိုးမှုအခံရဆုံး သူဖြစ်ပါတယ်။ သူတို့ရဲ့Emotions တွေနဲ့ပက်သက်ရင်ခန့်မှန်းရခက်၊ ထိခိုက်လွယ်ပြီး Perfectionist ဖြစ်ရတာကိုကြိုက်တဲ့ နည်းနည်း Fussy Type ပုံစံမျိုးလေးလည်းဖြစ်ပါတယ်🦋


(2) Physical Empath🌹


တစ်စုံတစ်ယောက်က အလွန်အကျွံ လေ့ကျင့်ခန်းလုပ်နေတာကိုမြင်ရင် ကိုယ်ပါပင်ပန်းလာတာမျိုး၊ တစ်စုံတစ်ယောက် အန်နေတာမြင်ရင် ကိုယ်ပါ အန်ချင်လာတာမျိုး၊ ကိုယ့်အနီးအနားမှာရှိတဲ့လူတစ်ယောက်နေလို့မကောင်းဖြစ်နေရင် ကိုယ်ပါနေမကောင်းဖြစ်ချင်လာတာမျိုးတွေ ခံစားဖူးရင် သင်ဟာ Physically Empath တစ်ယောက်ပါ။ Medical Empath လို့လည်းခေါ်ကြတယ်။ တခြားသူတွေရဲ့ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ သက်သောင့်သက်သာမရှိနေတဲ့ အခြေအနေတွေကို ခံစားသိတဲ့အပြင် သူတို့ကိုယ်တိုင်လည်းခံစားကြရတယ်။အနီးပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေရဲ့ နေမကောင်းတာ၊ နာကျင်မှု၊ tension တွေနဲ့ သက်သောင့်သက်သာမရှိမှုတွေ စသဖြင့်အကုန်လုံးကိုခံစားသိတဲ့သူတွေဖြစ်ပါတယ်။ သန်းတာတို့ ရယ်တာတို့ စတဲ့ ကူးစက်လွယ်သောသဘာဝရှိတဲ့ အမူအရာတွေထက် ပိုသော လူတွေရဲ့ Physical Conditions တွေနဲ့ပက်သက်ပြီး ကူးစက်လွယ်သူ  ခံစားသိလွယ်တဲ့သူ တွေဖြစ်ကြပါတယ်🌹


(3) Intuitive Empath 🌼


ရှားပါးပြီး အရမ်းကိုကောင်းတဲ့ ပါရမီတစ်ခုပါပဲ။ 

Claircognizance လို့လည်းတစ်မျိုးခေါ်ကြပါတယ်။ လူတစ်ယောက်ရဲ့ Energy ကို ဖတ်နိုင် ခံစားသိနိုင်တဲ့ သူတွေဖြစ်ပါတယ်။ လူတွေရဲ့ အတွင်းစိတ်ထဲကို ဝင်ကာ မသိစိတ်ကိုနားထောင်နိုင်ပြီး သူတို့ရဲ့ အနီးနားပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ ရိပ်မိတဲ့သူမျိုးတွေဖြစ်ပါတယ်။ ရိုးရှင်းတယ်ဆိုပေမယ့် လူတွေက ပတ်ဝန်းကျင်ကို တကယ်ဖော်ပြထားတဲ့ပုံစံနဲ့ ခံစားချက်တွေရဲ့နောက်ကွယ်က တကယ့်အစစ်အမှန် တွေကို Intuitive Empath က မြင်နိုင်ပါတယ်။ အဲ့ဒီစွမ်းအင်ကိုအသုံးချပြီးတော့သူတစ်ပါးကို နားလည်နှစ်သိမ့်​ပေးတတ်တဲ့သူတစ်ယောက်ပါ။ Emotional Empath နဲ့မတူတဲ့အချက်ကဘာလဲဆိုရင် Intuitive Empath က လူတွေရဲ့ နာကျင်ခံစားမှုအတွေ့အကြုံတွေထက် အဲ့ဒီ ခံစားချက်တွေဖြစ်ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရင်းတွေကို ပိုပြီး Focus လုပ်တဲ့သူမျိုးဖြစ်ပါတယ်။ ဝမ်းတွင်းသိစိတ်အရမ်းကောင်းပြီး အရမ်းတော်တယ် လို့ ပတ်ဝန်းကျင်ကလူတွေရဲ့ ချီးကျူးခံရတဲ့သူများလည်းဖြစ်ပါတယ် 🌼


(4) Dream Empath 🌺


လူသိနည်းတဲ့ Empath တစ်မျိုးဖြစ်ပါတယ်။ လူတွေနဲ့ပက်သက်တဲ့ Information တွေကို အိပ်မက်ကတစ်ဆင့် အလိုအလျောက် လက်ခံရရှိတဲ့သူတွေဖြစ်ပါတယ်။ အများစုက Lucid Dreamer တွေဖြစ်ကြပါတယ်။ Lucid Dreamer ဆိုတာ အိပ်ပျော်နေတဲ့အချိန်မှာ အိပ်မက်မက်နေတယ် ဆိုတာကို သိနေပြီး အိပ်မက်ကိုလည်းထိန်းချုပ်နိုင်ပြီးတော့ နိုးလာတဲ့အခါမှာလည်း အိပ်မက်ကို ပြတ်ပြတ်သားသားကြည်ကြည်လင်လင် မှတ်မိနေသောသူတွေကိုခေါ်ပါတယ်။ အိပ်မက်နောက်ကွယ်က အဓိပ္ပါယ် စကားလုံး နောက်ခံ အရာတွေအားလုံးရဲ့ Hidden Message တွေကိုအလိုအလျောက် ဘာသာပြန်တတ်တဲ့သူလည်းဖြစ်ပါတယ် 🌺


(5) Plants Empath 🌿


အထူးသဖြင့် သဘာဝတရားကြီးနဲ့ စိမ်းစိမ်းစိုစို သစ်ပင် ပန်းပင်တွေနဲ့ ပက်သက်ပြီး ထူးခြားလေးနက်တဲ့ Connection ရှိတဲ့သူတွေဖြစ်ပါတယ်။ အပင်တွေနဲ့ပက်သက်ပြီး ဘယ်ဟာကကောင်းတယ် မကောင်းဘူး ဆိုတာ အလိုလိုသိနေတတ်ပါတယ်။ ဥယျာဥ်ပျိုးတဲ့နေရာမှာ သစ်ပင်ပန်းပင်လေးတွေကို စိမ်းစိမ်းစိုစို ဝေဝေဆာဆာ ရှူခင်းလှလှလေးလေးဖြစ်အောင် စိုက်ပျိုးတတ်တဲ့သူလည်းဖြစ်ပါတယ်။ အဲ့ဒီလိုသစ်ပင်ပန်းပင်စိုက်ပျိုးခြင်းနဲ့သဘာဝတရားကြီးကိုစိမ်းစိုနေအောင်ဂရုစိုက်ခြင်းကသူ့ကို စိတ်အေးချမ်းတည်ငြိမ်မှုနဲ့ပျော်ရွှင်မှု ကိုပေးပါတယ် 🌿


(6) Animals Empath 🍁


သင်မွေးထားတဲ့ Pets လေးတွေနဲ့ ပုံမှန်ထက်ပိုပြီး အရမ်း Connected ဖြစ်တယ်လို့ခံစားရတယ် ဆိုရင်တော့ သင်ဟာ Animal Empath တစ်​ယောက်ပါ။ တိရိစ္ဆာန်လေးတွေရဲ့ လိုအပ်ချက်နဲ့ ဆန္ဒတွေကို သူတို့ရဲ့ လှုပ်ရှားပြုမူပုံ နဲ့ အသံ ကနေတစ်ဆင့်လည်း ထူးထူးခြားခြား အလိုလိုနားလည်သိနေတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ တိရိစ္ဆာန်လေးတွေနဲ့ အချိန်အတူတူကုန်ဆုံးရတာကိုကြိုက်နှစ်သက်ကြပြီး သူတို့အကြောင်းကိုလည်းသင်ယူကြပါသေးတယ် 🍁


သင်ရောဘယ်လို Empath တစ်ယောက်ဖြစ်ပါသလဲ? ♥♥

Credit >> Channeling mind


Source - https://youtu.be/Nk5IN86sRpg

0 comments:

Post a Comment