ကျွန်ုပ်တို့၏ ဘလော့ဂ်သည် ကြော်ငြာများ လုံးဝမပါဝင်ဘဲ ဘလော့ဂ်ထဲ ဝင်ရောက်ကြည့်ရှုသူအပေါင်း သုတ၊ရသ အကျိုးများရရှိရန်သက်သက်သာ ဖြစ်သည်။

Friday, January 7, 2022

Welcome.to.Earth.2021.S01E06

ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဆိုတာကျယ်ပြောလှတဲ့ အာကာသစကြာ၀ဠာ ကြီးတစ်ခုလုံးနဲ့ယှဉ်ရင်
မြူမှုန်လေးတစ်မှုန်စာလောက်ပဲ မဟုတ်ပါလား။ မြူမှုန်လောက်လေး ကမ္ဘာထဲမှာမှ ကျွန်တော်တို့တွေ
နေထိုင်ကြတာပါ။ အဲဒီလို သေးငယ်လှတဲ့ ကမ္ဘာမြေကြီးထဲမှာ ကျွန်တော်တို့လူသားတွေ စူးစမ်းရှာဖွေဖို့
ကျန်နေသေးတဲ့ဆန်းကြယ်မှုတွေ တပုံတပင်ကြီးပါ။

ဒီလိုအရာတွေကို ပြသဖို့ ကျွန်တော်တို့ကို ဆွဲခေါ်သွားမှာကတော့ တခြားသူမဟုတ်ပါဘူး..
ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ကျွန်တော်အားလုံးချစ်တဲ့ မင်းသားကြီး Will Smith ပါပဲ
ကမ္ဘာကြီးရဲ့ ရှုမ၀နိုင်တဲ့ လှပဆန်းကြယ်မှုတွေကို Will Smith ပါ၀င်ထားတဲ့ Welcome to Earth ဆိုတဲ့
အပိုင်းခြောက်ပိုင်းပါ documentary series မှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျာ။အံ့မခန်း သဘာ၀အလှအပတွေ ကမ္ဘာကြီးပေါ်မှာ ရှာဖွေဖို့ ကျန်ရှိနေသေးတဲ့ နေရာတွေ လူသားတွေရဲ့ အဆုံးမရှိ
လုပ်နိုင်စွမ်းတွေကိုပါ မျက်စိတဆုံး ငေးမောကြည့်ရှုရမှာဖြစ်လို့ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဒီ documentary series
လေးကို CM ပရိသတ်တွေအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။
(ဒီစီးရီးကို ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)

0 comments:

Post a Comment